International News

ကမ္ဘာ့အခန်းကဏ္ဍတွင် အပြုသဘောဆောင်သော တရုတ်နိုင်ငံ၏ အားထုတ်မှုများ

Last Updated:

ရုရှား- ယူကရိန်း ပဋိပက္ခနှင့် အမေရိကန်ပြည်ထောင်စုမှ အဆိုပြုသည့် "အင်ဒို-ပစိဖိတ်" မဟာဗျူဟာကို နောက်ခံထား၍ ခေတ်သစ်စစ်အေးကို ဆန့်ကျင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်ဘက်အစွန်းရောက်မှုကို ရှောင်ရှားရန် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ ကြောင်း ကျွမ်းကျင်သူများက ၂၆-၇-၂၀၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာအခင်းအကျင်း ခေတ်ရေစီးကြောင်းနှင့် ရုရှား-ယူကရိန်း ပဋိပက္ခပြီးနောက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအား နိုင်ငံတကာညီလာခ တွင်း ၎င်းတို့က မှတ်ချက်ပေးခဲ့ကြောင်း၊ အစည်းအဝေးကို တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ၏ National Top Think Tank မှ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

တရုတ်နိုင်ငံ၊ ရမ်မင်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခရှီက ရုရှား-ယူကရိန်း အကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက်ရင် ဆိုင်မှုနှင့် နှစ်ခြမ်းကွဲလွဲမှုကို အချိန်ကြာမြင့်စွာ နက်ရှိုင်းစေမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ပဋိပက္ခသည် ပဉ္စမလကို ကျော်လွန်ပြီးဖြစ်ရာ ဘဏ္ဍာ ရေးဈေးကွက်များတွင် မတည်ငြိမ်မှုများဖြစ်ပေါ်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုနှင့်ပတ်သက်၍ မသေချာမရေရာမှုများ တိုးလာခဲ့ ကြောင်း  ပဋိပက္ခများအပြင် အမေရိကန် "အင်ဒို-ပစိဖိတ်" မဟာဗျူဟာနှင့် နေတိုး၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုသည် ကမ္ဘာကြီးကို ပိုမိုမတည်မငြိမ် ဖြစ်စေသောကြောင့် ယင်းတို့သည် သီးခြားစစ်ရေးပဋိပက္ခများသာမက စီးပွားရေးနှင့် လုံခြုံရေးနယ်ပယ်များသို့ပါ ပျံ့နှံ့လာနိုင်ကြောင်း၊ ယင်းအစား တရုတ်နိုင်ငံသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးမူကိုချမှတ်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံနှင့် အုပ်ချုပ်မှုစနစ်၏ ဆန်းသစ်တီထွင်မှုကို အားကိုး သည်မှာ ထင်ရှားကြောင်း တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ ဌာနမှူးလီက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မီးမောင်းထိုးပြသည့် တရုတ်နိုင်ငံ၏ တသမတ်တည်းဖြစ်သော နိုင်ငံခြားရေးမူဝါဒကို ချီးကျူးခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများသည် ကမ္ဘာ့အကျပ်အတည်းကို ဖြေရှင်းလိုသည့်ဆန္ဒကိုထုတ်ဖော်ပြီး ကမ္ဘာကြီးတွင် မျှဝေထားသော အနာဂတ်ရှိ သည်ဟူသော အယူအဆအပေါ် အခြေ ခံထားကြောင်း Saraswati မှပြောကြားပြီး "ကပ်ရောဂါနှင့် ပဋိပက္ခဖြစ်ပွားခြင်းနောက်ခံတွင် တရုတ်နိုင်ငံ သည် လွှမ်းမိုးခြင်းထက် အားလုံးအနိုင်ရသော ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုကို အားပေးသည်" ဟု အင်ဒိုနီးရှားနိုင်ငံရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ တရုတ်လေ့လာရေးသုတေသနဌာနမှ အကြီးတန်းသုတေသီ ဆရာဝတီက ပြောကြားခဲ့သည်။

အုံ့ဆိုင်းနေသည့် ကမ္ဘာ့စီးပွားရေးအခြေအနေအား တန်ပြန်ရန် ဂျပန်နှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရန် နိုင်ငံတကာ ဆက်ဆံရေး ဂျပန်ဖိုရမ်၏ သုတေသီ ကီကူချီ၏ယိုနာက တောင်းဆိုခဲ့သည်။ “ဂျပန်နဲ့ တရုတ်အကြား ဆက်ဆံရေးတိုးတက်ဖို့ ဒီအခွင့်အရေးကို ယူသင့်တယ်လို့ ကျွန်တော်ယုံကြည်ကြောင်း" အိမ်နီးနားချင်းနှစ်နိုင်ငံသည် အပြန်အလှန်ယုံကြည်မှုကင်းမဲ့မှုကို ရှောင်ရှားရန် နှစ်နိုင်ငံနှင့် နိုင်ငံစုံ ဆွေးနွေးမှုများအတွက် မူဘောင်ကိုအားကောင်းစေရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် China's positive global role underscored - News - 云桥网英文 (yunnangateway.com)

 

Category: International News